Events
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြန်မာ့ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ဝင် ရောက်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
Updated At: 2024-02-02 12:39:33

လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် “ရော်ဘာအရည်အသွေးမြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်းစီမံကိန်း” အစီအစဉ်အရ “မြန်မာ့ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ဝင်ရောက်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန်၌ မြိတ်မြို့၊ ပုလဲသန္တာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိ သူများ၊ မြိတ်မြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ တနင်္သာရီတိုင်းဒေသကြီးရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် မြန်မာ့သဘာဝ ရော်ဘာရေရှည်တည်တံ့မှုဖော်ဆောင်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးပို့ချမည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း(၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်၊ တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြန်မာ့သဘာဝရော်ဘာ ရေရှည်တည်တံ့ မှုဖော်ဆောင်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာယုစိန်တို့က အမှာစကားအသီးသီးပြောကြားခဲ့ကြပါ သည်။
အလုပ်ရုံဆွေးနွေးပွဲအစီအစဉ်ကို နံနက် (၀၉:၃၀) နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံ၊ Chinese Academy of Tropical Agricultural Sciences မှ အကြီးတန်း သုတေသနအရာရှိ Mr. Mo Ye Yong ၊ ထိုင်းနိုင်ငံ ရော်ဘာအာဏာပိုင်အဖွဲ့ (Rubber Authority of Thailand-RAOT) မှ ရော်ဘာထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးသုတေသနဌာနအကြီးအကဲ Dr. Wittaya Prommee နှင့် စိုက်ပျိုးရေးသုတေသနရာရှိ Mr. Thongchai Khaeduang တို့က တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့နေမှု အခြေအနေများ၊ အရည်အသွေးမီ ရော်ဘာ များ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ရော်ဘာစံချိန်စံညွှန်းများပြည့်စုံမှုရှိမရှိ၊ ရော်ဘာမျိုးထုတ်လုပ်ခြင်း၊ စနစ်တကျရော်ဘာအစေးခြစ်ခြင်းစသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချပေးခဲ့ပြီး တနင်္သာရီတိုင်းအတွင်း စိုက်ပျိုးသည့် ရော်ဘာမျိုးများ၊ အပင်များတွင်ကျ ရောက်တတ်သည့် ရောဂါပိုးများ၊ ရော်ဘာအစေးရည် သိမ်းဆည်းမှု၊ သယ်ယူပို့ဆောင်မှု အခြေအနေများစသည်တို့ကို အမေးအဖြေပြုလုပ်၍ ဆွေးနွေးပို့ချပေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို (၁၅:၃၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အစီအစဉ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မြိတ်မြို့ရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် စိုက်ခင်းများ၊ ရော်ဘာထုတ်လုပ်သည့် စက်ရုံ/အလုပ်ရုံများသို့ ကွင်းဆင်းလေ့လာရေးသွားရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Event Details
- Date
- 2nd to 3rd February 2024
- Location
- Myeik, Tanintharyi Region
- Website
- www.myantrade.gov.mm
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025